ကုန်သည်လေ
![](http://upload.wikimedia.org/wikipedia/commons/thumb/1/18/Map_prevailing_winds_on_earth.png/300px-Map_prevailing_winds_on_earth.png)
![](http://upload.wikimedia.org/wikipedia/commons/thumb/9/9c/Earth_Global_Circulation_-_en.svg/400px-Earth_Global_Circulation_-_en.svg.png)
ကုန်သည်လေ (Trade winds) ဆိုသည်မှာ ရှေးခေတ်က ကုန်သည်တို့ သင်္ဘောရွက်လွှင့်ရာတွင် များစွာအကျိုးပြုသော လေဖြစ်၍ ဒုတိယအပူပိုင်းဒေသမှ အီကွေတာဒေသသို့ တစ်နှစ်ပတ်လုံး တိုက်ခတ်လေ့ရှိသည်။ မြောက်ဘက် ကမ္ဘာခြမ်းတွင် အရှေ့မြောက္မှ တိုက်၍ တောင်ဘက်ကမ္ဘာခြမ်းတွင် အရှေ့တောင်မှ တိုက်သည်။ အထူးသဖြင့် ပင်လယ်ပြင်များကို ဖြတ်၍တိုက်သည်။ ရာသီဥတု သာယာတတ်သော်လည်း တခါတရံ လေကတော့များ ဖြစ်ပေါ်တတ်သည်။[၁]
ကိုးကား
- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ကုန်သည်လေ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။