ကျောက်ဖရုံပင်

Wax gourd
Wax gourd plant, flower and immature and mature fruit
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Cucurbitales
မျိုးရင်း: Cucurbitaceae
မျိုးရင်းသေး: Cucurbitoideae
မျိုးဇာတ်: Benincaseae
မျိုးစု: Benincasa
Savi
မျိုးစိတ်:
B. hispida
ဒွိနာမ
Benincasa hispida
(Thunb.) Cogn.
Synonyms[]
Winter melon, (Waxgourd), raw
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး
စွမ်းအင်၅၄ kJ (၁၃ kcal)
3 g
Dietary fiber2.9 g
အဆီဓာတ်
0.2 g
ပရိုတိန်း
0.4 g
ဗီတာမင်များ
Thiamine (B1)
(3%)
0.04 mg
Riboflavin (B2)
(9%)
0.11 mg
Niacin (B3)
(3%)
0.4 mg
Pantothenic acid (B5)
(3%)
0.133 mg
ဗီတာမင် ဘီ6
(3%)
0.035 mg
ဗီတာမင် စီ
(16%)
13 mg
သတ္တုဓာတ်များ
ကယ်လဆီယမ်
(2%)
19 mg
သံဓါတ်
(3%)
0.4 mg
မဂ္ဂနီစီယမ်
(3%)
10 mg
မက်ဂနိစ်
(3%)
0.058 mg
ဖော့စဖရပ်
(3%)
19 mg
ဆိုဒီယမ်
(7%)
111 mg
သွပ်
(6%)
0.61 mg

  • ယူနစ်များ
  • μg = မိုက်ခရိုဂရမ် • mg = မီလီဂရမ်
  • IU = နိုင်ငံတကာ ယူနစ်
Percentages are roughly approximated using US recommendations for adults.
ရင်းမြစ်: USDA Nutrient Database
ရင့်မှည့်ခါနီး ကျောက်ဖရုံသီးတစ်လုံး

ကျောက်ဖရုံပင်သည် အမြင့်ပေပေါင်း ၄၀၀၀ အထိဖြစ်ထွန်းပြီး မြန်မာနိုင်ငံ အနှံ့အပြားတွက် ပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။ မိုးဦးတွင် ကဆုန်မှ ဝါဆိုအတွင်း မိုးနှောင်း တွင် တော်သလင်း လမှ တန်ဆောင်မုန်း အတွင်း အစေ့ကို တိုက်ရိုက် ချစိုက် နိုင်သည်။ ကျင်းအနက် တစ်တောင် ၊ အကျယ် ၄ ပေ ပတ်လည် တူး၍ မြေဆွေး ၅၀ % ခန့် ရောစပ်ပြီး ဖရုံစေ့များကို အစေ့မြှပ်ရုံမျှ စိုက်ရမည်။ စင်တောင့်တောင့် ထိုးပေးရသည်။ မိုးနည်းသောဒေသများတွင် မြေတွင် လွှတ်၍ စိုက်နိုင်သည်။ ခြောက်သွေ့ သော ဒေသများတွင် လိုအပ်သည့် အစိုဓာတ်ရအောင် ရေလောင်း ပေးရန်လိုသည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မှ ၁၀၀ အတွင်း စတင် အသီးသီး ၍ ဆွတ်ခူးနိုင်သည်။ (အထူးသဖြင့် ကျောက်ဖရုံသည် အနံ့အသက်များကို စုပ်ယူနိုင်သော သတ္တိရှိသဖြင့် အနံ့အသက်ဆိုးသည့် နေရာများအနီး စိုက်ပျိုးခြင်း ၊ ထားသိုခြင်း မပြုရန် လိုသည်။ )

ပုံသဏ္ဌာန်

တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်သည်။ အဖြူရောင် သို့မဟုတ် သံချေးရောင် အမွေးကလေးများဖြင့် ဖုံးလွှမ်းနေသည်။ ပင်စည် တောင့်တင်း၍ ထောင့်ပါသည်။ နွယ်နှာမောင်း ၃ ခုဖြာသည်။

အရွက်

အရွက်သည် တောက်ပသော အစိမ်းရောင် ဖြစ်သည်။ အမွေးများရှိ၍ အောက်မျက်နှာပြင် တွင် ပို၍ အမွေးထူသည်။ နှလုံးပုံဖြစ်ပြီး အဝိုက် ၅-၇ ခုရှိသည်။ အဝိုက်များသည် ကျယ်ပြန့်၍ သုံးမြှောင့်ပုံရှိသည်။

အပွင့်

အဝါရောင်ဖြစ်သည်။ ကြီး၍ ပွင့်ထီး ဖြစ်သည်။ လိင်စုံသည်။

အသီး

တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင် ရောနေ၏။ နုစဉ် အခွံပျော့၍ ရင့်သော် ကြွပ်ဆတ်ပြီး မာသည်။ အခွံပေါ်တွင် အမွေးကြမ်းလေးများရှိသည်။ အစေ့များ ပြားပြီး အဖြူရောင် ရှိသည်။

အသုံးဝင်ပုံ

အပွင့် ၊ အသီး ၊ အစေ့ ၊ အမြစ် ၊ အထူးသဖြင့် အသီးကို ပို၍ အသုံးပြု၏။

အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ချို၍ အနည်းငယ် ငန်သော အရသာရှိသည်။ အားကို တိုးပွားစေ၍ သည်းခြေကို နိုင်၏။ မှည့်သောအသီးသည် ဝမ်းမီးကို တောက်စေသည်။ သွေး ၊ လေရောဂါနှင့်ရူးသွပ်ခြင်းကို ပျောက်စေ၍ ဆီးအိမ်ကို သန့်ရှင်းစေတတ်၏။

အပွင့်အသုံးပြုပုံ

ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလဝမ်းရောဂါပျောက်၏။

အသီးအသုံးပြုပုံ

အသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခန်းခြင်းအတွက် အာဟာရ ဖြစ်စေ သည်။ အသီးရည်ကို သောက်ခြင်းဖြင့် သွေးယိုစီးခြင်းနှင့် သွေးအန် သွေးကျ ရောဂါ ပျောက်၏။ အသီးရည်တွင် ရှိန်းခိုနှင်ဂျုံပြာဆား အနည်းငယ်ထည့်သောက်သော် ဆီးအိမ်ရောင်ခြင်း ပျောက်၍ ကျောက်ကပ် တွင်တည်သော ကျောက်ကို အရည်ပျော်၍ ကျစေ၏။ ကျောက်ဖရုံရည် ကို ဝက်ရူးနာ ၊ လေနာ ၊ အရူးရောဂါတို့ အတွက်လည်း သုံး၏။

အစေ့အသုံးပြုပုံ

အစေ့ကို သန်ကျဆေးအဖြစ် သုံးသည်။

အမြစ်အသုံးပြုပုံ

ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့် သောက်လျှင်ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါ ပျောက်၏။

ကိုးကား

  1. Benincasa hispida (Thunb.) Cogn.The Plant List: A Working List of All Plant Species။ 3 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 May 2016 တွင် ပြန်စစ်ပြီး။