ဂျက်စ်ဂီတ

အမေရိကန်နိုင်ငံရှိ အိန္ဒိယလူနီတိုင်းရင်းသားများ၊ မက္ကဆီကို တိုင်းရင်းသားများ၊ အနောက်အိန္ဒိယကျွန်းစု တိုင်းရင်းသားများ စသည်တို့သည် ရှေးရိုးစဉ်လာအတိုင်း လွတ်လပ်စွာဖြင့် စုပေါင်းတီးမှုတ် ကခုန်သော တေးသွားများကို အခြေခံ၍ ခေတ်မှီ စည်းဝါး တူရိယာများဖြင့် စနစ်ကို မပြောင်းလဲဘဲ တီထွင်တီးမှုတ်ကြသော တူရိယာဂီတမျိုး ဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးအော်လင်နယ်မှ ကပ္ပလီဂျက်စ် တေးဂီတအဖွဲ့များ ပေါ်ထွက်လာသည်။ ၁၈၉၇-ခုနှစ်လောက်ကပင် ကာရီမီလ် ဆိုသူက ဂျက်စ်တေးသွားများ ဖွဲ့နွဲ့ခဲ့သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံ အသီးသီးက ထိုဂီတတေးသွားများကို လက်ခံတီးမှုတ်လျက် ရှိသည်။ အငြိမ်တီး(Sweet)၊ အကြွတီး(Hot) ဟူ၍ နှစ်မျိုးရှိသည်။[]

ကိုးကား

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ဂျက်စ်ဂီတ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။