နိရှိခိဈေး
နိရှိခိဈေး (錦市場, Nishiki Ichiba ) သည် ကျိုတိုမြို့၏ မြို့လယ်တွင် တည်ရှိသည့် ဈေးတစ်ခု ဖြစ်သည်။ နိရှိခိခိုးဂျိလမ်း၏ အရှေ့ဘက်အဆုံးပိုင်းတွင် တည်ရှိသည်။[၁] ရှိဂျောလမ်းနှင့် အပြိုင်တည်ရှိပြီး တဲရမချိလမ်း၏ အနောက်ဘက်တွင် တည်ရှိသည်။ သမိုင်းကြောင်းနှင့် ရိုးရာအစဉ်အလာရှိသည့် ဈေးတစ်ခုဖြစ်ပြီး ကျိုတို၏ နာမည်ကြီး အစားအစာများနှင့် ကုန်ပစ္စည်းများကို ရရှိနိုင်သည့် နေရာတစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
၇၈၂ ခုနှစ်အစောပိုင်းတွင် ဤနေရာ၌ ငါးရောင်းချမှုများကို လုပ်ဆောင်ခဲ့သည်။ အေးမြသည့် မြေအောက်ရေကို ရရှိသည့်အတွက် ငါးများနှင့် အခြားအသားများကို လတ်ဆတ်စွာထိန်းသိမ်းထားရန်အတွက် သင့်တော်သည့်နေရာ ဖြစ်သည်။ ထို့အပြင် ကျိုတိုနန်းတော်နှင့်လည်း နီးကပ်စွာ တည်ရှိသည်။[၂]
၁၆၁၅ ခုနှစ်တွင် “ဘခုဖုအစိုးရ” သည် ထိုနေရာတွင် ငါးများကို ရောင်းချရန်အတွက် တရားဝင်ခွင့်ပြုပေးခဲ့သည်။ ဤသည်မှာ လက်ရှိအချိန်အတွင် ထင်ရှားသည့်ဈေးတစ်ခု ဖြစ်လာစေမည့် ပထမဆုံးခြေလှမ်းတစ်ခု ဖြစ်ခဲ့သည်။[၃][၄]
၁၈၈၃ ခုနှစ်တွင် မဲဂျိခေတ်ကာလ ပြုပြင်ပြောင်းလဲမှုများ လုပ်ပြီးသည့်နောက်တွင် ပြင်းထန်သည့်ပြိုင်ဆိုင်မှုများကြောင့် ဈေးဆိုင်အရအတွက်သည် ၇ ခုအထိ လျော့ကျသွားခဲ့သည်။[၂]
၁၉၁၁ ခုနှစ်တွင် အဖွဲ့အစည်းအသစ်တစ်ခုသည် ထိုနေရာကို ငါးနှင့် ပင်လယ်ထွက်ပစ္စည်းများ ရောင်းချရာဈေးအဖြစ် အားပေးထောက်ကူခဲ့သည်။ ရလဒ်အနေဖြင့် ဈေးကို သစ်ဆန်းသည့် ဈေးတစ်ခုအနေဖြင့် မြင်တွေ့ခဲ့ရသည်။[၂]
၁၉၂၇ ခုနှစ်တွင် ကျိုတိုမြို့ဗဟိုလက်ကားဈေးကို ဖွင့်လှစ်ခဲ့ပြီး များစွာသော စတိုးဆိုင်များသည် နိရှိခိဈေးမှ ထိုနေရာသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။ ၁၉၂၈ ခုနှစ်တွင် အဖွဲ့အစည်းအသစ်တစ်ခုက သစ်သီးများ၊ အရွက်များ၊ အသားနှင့် အခြားစားသောက်ကုန်များကို ဖွင့်လှစ်ရောင်းချကြရန် ဆော်ဩခဲ့ကြသည်။ ထိုအခါမှစ၍ ဈေးသည်လည်း “ကျိုတိုမြို့၏ မီးဖိုချောင်” ဟူ၍ စတင်ကာ သိရှိလာခဲ့သည်။[၃]
၁၉၈၄ ခုနှစ်တွင် လက်ရှိကျောက်သားကြမ်းပြင်များကို တပ်ဆင်ခဲ့ပြီး အမိုးခုံးပုံစံမျက်နှာကြက်ကို ၁၉၉၃ ခုနှစ်တွင် တပ်ဆင်ခဲ့သည်။[၂]
၂၀၀၅ ခုနှစ်တွင် “နိရှိခိဈေး” သည် မြို့တော်၏ အမှတ်သင်္ကေတတစ်ခုအနေအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။[၂][၅]
လက်ရှိကာလ
လက်ရှိအချိန်တွင် နိရှိခိဈေးသည် နိရှိခိုခိုးဂျိလမ်းပေါ်တွင် တည်ရှိသည်။ တခခုရလမ်းနှင့် တဲရမချိလမ်းတို့အကြား တည်ရှိသည့် ဤဈေးသည် ခန့်မှန်းခြေ ၄၀၀ မီတာခန့် ရှည်လျားသည်။ ဈေး၏ ပုံစံမှာ လမ်းကျဉ်းလေးပေါ်တွင် အမိုးခုံးပါဝင်တည်ဆောက်ထားသည့်ပုံစံ ဖြစ်သည်။[၁] ဈေးတွင် သစ်သီးများ၊ အရွက်များ၊ ငါးနှင့် ကုန်ခြောက်များနှင့် အခြားပစ္စည်များလည်း ဝယ်ယူရရှိနိုင်သဖြင့် “ကျိုတို၏ မီးဖိုချောင်” ဟုလည်း ခေါ်ကြသည်။[၆]
ဈေးဆိုင်များ
- အရိဆွတ်ဂု - လက်လုပ်ဓားများရောင်းချသည့်အတွက် ထင်ရှားသည်။ ၎င်းဆိုင်ကို ၁၅၆၀ ခုနှစ်တွင် ဓားလုပ်ငန်းကျွမ်းကျင်သူဖြစ်သည့် အရိဆွတ်ဂုဖုဂျိဝရက ဖွင့်လှစ်ခဲ့သည်။
- ဒိုင်းယဆု 大安 (daiysu)- ယောက်သွားများရောင်းချခြင်းဖြင့် အမည်ကြီးသည်။
- နိရှိခိတခခုရယ - ကျိုတိုစတိုင် ဆွတ်ခဲမိုနိုကို ရောင်းချခြင်းဖြင့် လူသိများသည်။
- နိရှိခိခိုးဂျိမရခိ - အိုယခိုဒွန်းနှင့် နိရှင်းဆိုဘ တို့ကို ရောင်းချပြီး ဂျပန်ရိုးရာစားသောက်ဆိုင်တစ်ခုဖြစ်သည်။
- မိုရိ - ခယောယဆအိကို ရောင်းသည့်ဆိုင် ဖြစ်သည်။
- မဆုဂိုဟိဂရှိတန်း - ခယောယဆအိ, အရွက်များနှင့် ကျိုတိုစတိုင် ဆွတ်ခဲမိုနိုတို့ကို ရောင်းချသည့်ဆိုင် ဖြစ်သည်။
- တိုးအန်းနိရှိခိခိုးဂျိတန်း - ကျိုတိုမြို့ထွက် အိုးများကို ရောင်းချသည်။
- အုချိဒဆွတ်ခဲမိုနို - ဆွဲခဲမိုနို ရောင်းချသည့်ဆိုင် ဖြစ်သည်။
ရုပ်ပုံများ
-
နိရှိခိဈေးတွင် ဂိအွန်းပွဲတော်ကျင်းပနေသည်ကို တွေ့ရစဉ် (၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့)
-
လူအများဖြင့် စည်ကားနေပုံ
-
ညအချိန်မြင်ကွင်း
-
佃煮と惣菜の店
-
漬物店
-
漬物店
-
漬物店店頭の糠漬け
-
日本茶販売店
-
菓子店(手前)と、川魚・うなぎの店(画面中央)
-
鶏肉の店
-
包丁鍛冶・厨房用品店
-
京野菜の金時にんじん
-
糀味噌・赤味噌・合せ味噌
-
包丁鍛冶・厨房用品店
-
鮮魚店店頭の商品
-
錦市場東端にある錦天満宮と、寺町通と新京極通の間にある鳥居
-
そば・丼物・定食屋
ပြင်ပလင့်များ
- တရားဝင် ဝက်ဘ်ဆိုဒ် (in ဂျပန်)
- Nishiki Market in Kyoto | Japanesquest, Japanesquest
- Nishiki Market, Japan-guide.com
ကိုဩဒိနိတ်: 35°0′18.1″N 135°45′58.1″E / 35.005028°N 135.766139°E
ကိုးကား
- ↑ ၁.၀ ၁.၁ 錦小路通 具足小路 京都通百科事典 (in ja)။ 2020-10-01 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ 錦市場商店街 | 錦市場の歴史။ 30 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ 錦市場・錦小路,Nishiki Market,Kyotofukoh။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ 400年の歴史 京都の台所「錦市場」 「インバウンド(訪日外国人旅行)」で大人気!။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ Utsu၊ Katsumi။ Regional activation efforts using the Nishiki Brand (in Japanese)။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ 錦市場။ 2020-10-14 တွင် ပြန်စစ်ပြီး။