မြန်မာနိုင်ငံ၏ ပထဝီဝင်

မြန်မာနိုင်ငံ၏ ပထဝီဝင်
တိုက်အာရှ
ဒေသအရှေ့တောင်အာရှ
ကိုဩဒိနိတ်22°00′N 98°00′E / 22.000°N 98.000°E / 22.000; 98.000
ဧရိယာအဆင့် ၄၀
 • စုစုပေါင်း၆၇၆,၅၇၇ km2 (၂၆၁,၂၂၈ sq mi)
 • ကုန်းမြေ96.94%
 • ရေထု3.06%
ကမ်းရိုးတန်း၂,၂၂၈.၉၄၁ km (၁,၃၈၅.၀၀၀ mi)
နယ်နိမိတ်စုစုပေါင်းကုန်းနယ်နမိတ်:
၆,၅၂၂ km (၄,၀၅၃ mi)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ:
၂၇၁ km (၁၆၈ mi)
တရုတ်နိုင်ငံ:
၂,၁၂၉ km (၁,၃၂၃ mi)
အိန္ဒိယနိုင်ငံ:
၁,၄၆၈ km (၉၁၂ mi)
လာအိုနိုင်ငံ
၂၃၈ km (၁၄၈ mi)
ထိုင်းနိုင်ငံ:
၂,၄၁၆ km (၁,၅၀၁ mi)
အမြင့်ဆုံးအမှတ်ခါကာဘိုရာဇီတောင်
၅၈၈၁ မီတာ (၁၉,၂၉၆ ပေ)
အနိမ့်ဆုံးအမှတ်ကပ္ပလီပင်လယ်
၀ မီတာ (၀ ပေ)
(ပင်လယ်ရေမျက်နှာပြင်)
အရှည်ဆုံးမြစ်ဧရာဝတီမြစ်
အကြီးဆုံးအိုင်အင်းတော်ကြီး
မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများ၏ တောင်ကုန်း၊ တောင်ကြားဒေသများတွင် ရာပေါင်းများစွာသော တောမီးများလောင်ကျွမ်းနေမှုကို တွေ့မြင်ရစဉ် (အနီရောင်အစက်များဖြင့် ပြထားသည်)။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေမကြီး၏ အနောက်မြောက်ဘက် အကျဆုံးသော နိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအနီး သင်္ဘောကြီးများ သွားလာရာ စီးပွားရေးအချက်အချာကျသည့် နေရာတွင် တည်ရှိသည်။

ရာသီဥတု

အကြမ်းအားဖြင့် နွေ၊ မိုး၊ ဆောင်း ဟူ၍ သုံးရာသီ ပိုင်းခြားထားသည်။ မတ်လမှ မေလလယ်အထိ နွေဥတု၊ မေလလယ်မှ အောက်တိုဘာလကုန်အထိ မိုးဥတုနှင့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလကုန်အထိ ဆောင်းဥတုဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံသည် အပူပိုင်းမုတ်သုံရာသီဥတု ရှိသော်လည်း မြေမျက်နှာပြင်အနေအထား ကွဲပြားခြားနားမှုကြောင့် တစ်နေရာနှင့်တစ်နေရာ ရာသီဥတု ကွဲပြားသွားသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့် ၂,၀၀၀ m (၆,၅၆၂ ft) အောက်ရှိ ဒေသများတွင် အပူပိုင်း မုတ်သုံရာသီဥတု ကို ခံစားရသည်။ ဇွန်လမှ စက်တင်ဘာလအထိ အနောက်တောင်မုတ်သုံလေ (တိမ်ထူ၊ မိုးရွာ၊ ပူပြင်း၍ စိုစွတ်သော နွေရာသီ)၊ ဒီဇင်ဘာလမှ ဧပြီလအထိ အရှေ့မြောက်မုတ်သုံရာသီဥတု ( တိမ်ပါး၊ မိုးအနည်းငယ်ရွာ၊ အလယ်အလတ် အပူချိန်၊ စိုစွတ်မှုနည်းသော နွေရာသီ) များဖြစ်သည်။ အမြင့်ပေကိုလိုက်၍ ရာသီဥတု ပြောင်းလဲမှုရှိသည်။ ၂,၅၀၀ m (၈,၂၀၂ ft) ဝန်းကျင်သည် အပူလျော့ပိုင်းရာသီဥတုဖြစ်ကာ ၃,၀၀၀ m (၉,၈၄၃ ft) ဝန်းကျင်မှာ အအေးပိုင်းဖြစ်သည်။ ၃,၅၀၀ m (၁၁,၄၈၃ ft) ရှိ တောင်ပေါ်ဒေသနှင့် တောင်ပေါ်ဒေသအထက်ရှိ ဒေသများမှာ အေးစက်ပြီး ကြမ်းတမ်းသည့် အအေးလွန်ရာသီဥတုမျိုးဖြစ်သည်။ အမြင့်ပိုင်းဒေသများမှာ ဆီးနှင်းကျပြီး ရာသီဥတုဆိုးဝါးသည်။

တောင်တန်းများ

မြန်မာနိုင်ငံ၏ အရှည်ဆုံးတောင်တန်းမှာ ဒေါနတောင်တန်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ထူးခြားသည့် ပထဝီသွင်ပြင်လက္ခဏာမှာ စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတို့ ပါဝင်သော ဇီးဖြူတောင်တန်း၊ မင်းဝံတောင်တန်း၊ မှန်ကင်းတောင်တန်းနှင့် ဂန့်ဂေါတောင်တန်းစသည့် တောင်တန်းငယ်များ တည်ရှိသည့် အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသ ဖြစ်သည်။ ထိုဒေသ၌ ပဲခူးရိုးမတောင်တန်းသည် မြောက်မှတောင်သို့ တွန့်ခေါက်သွယ်တန်းလျက် ရှိသည်။[] အလယ်ပိုင်းမြစ်ဝှမ်းဒေသကို မတ်စောက်ပြီး မြေမျက်နှာပြင်ကြမ်းတမ်းသော ကုန်းမြေမြင့်က ဝန်းရံထားသည်။ နိုင်ငံ၏ မြောက်ဘက်ဖျားတွင် ၅,၈၈၁ m (၁၉,၂၉၅ ft) ရှိ အမြင့်ဆုံးတောင်ဖြစ်သော ခါကာဘိုရာဇီတောင် တည်ရှိသည်။ ခါကာဘိုရာဇီတောင်သည် ဟိမဝန္တာတောင်တန်းနှင့် တစ်ဆက်တည်းဖြစ်ကာ အနောက်ရိုးမတောင်တန်းအဖြစ် အိန္ဒိယနိုင်ငံ၏ အာသံပြည်နယ်နာဂလန်ပြည်နယ် နှင့် မီဇိရမ်ပြည်နယ် နယ်နမိတ်များအဖြစ် ကာဆီးထားသည်။ အနောက်ဘက်ရှိ ရခိုင်ရိုးမတောင်တန်းသည် မဏိပူရပြည်နယ်မှ စတင်ကာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တစ်လျှောက် ဘင်္ဂလားပင်လယ်အော်ကမ်းစပ်ရှိ မော်တင်စွန်းအငူ (Cape Negrais) နားအထိဖြစ်သည်။ ရခိုင်ရိုးမတောင်တန်းတွင် နာဂတောင်တန်းများ၊ ချင်းတောင်တန်းများနှင့် မီဇိုတောင်ကုန်းပါဝင်သော ပတ်ကွိုင်တောင်တန်းများ ပါဝင်သည်။[]


ပဲခူးရိုးမတောင်တန်းသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်များအကြား တောင်တန်းအနိမ့်ဖြစ်သည်။ နိုင်ငံ၏အရှေ့ဘက်ခြမ်းမှာ ရှမ်းကုန်းမြေမြင့်ဖြစ်ပြီး အရှေ့တောင်အာရှ၏ Ultra-prominent တောင်ထွတ် တစ်ခုဖြစ်သော ၂,၅၆၃ မီတာအမြင့်ရှိ လွိုင်ပန်နောတောင်ထွတ် တည်ရှိသည်။[] ရှမ်းကုန်းမြေမြင့်သည် ကရင်တောင်တန်းများ၊ ဒေါနတောင်တန်းနှင့် တနင်္သာရီ တောင်တန်းများနှင့်ပေါင်းစပ်ကာ ထိုင်းနိုင်ငံနယ်စပ်တစ်လျောက် သဘာဝနယ်နမိတ်အတားအဆီးအဖြစ် တည်ရှိသည်။ ထိုဒေသသည် World Wide Fund for Nature အဖွဲ့မှ သတ်မှတ်ထားသော Global 200 ဂေဟဒေသများတွင် တစ်ခုအဖြစ် ပါဝင်သည့် ကယား-ကရင်/တနင်္သာရီ မိုးသစ်တော ဂေဟဒေသ ဖြစ်သည်။[][] မြန်မာနိုင်ငံတောင်ဘက်ပိုင်းသည် တနင်္သာရီတောင်တန်း၏ အမြင့်ဆုံးနေရာဖြစ်သော ဘိုင်လောက်တောင်၏ အနောက်ဘက်ဆင်ခြေလျှောဖြစ်ပြီး တောင်ဘက်သို့ မလေး ကျွန်းဆွယ်အလယ်ပိုင်းအဖြစ် ပြောင်းသွားသည်။[]

အဓိကတောင်ထိပ်များ

မြစ်များ

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးတစ်စင်းဖြစ်ပြီး မြန်မာနိုင်ငံမြောက်ဘက်မှ စတင်စီးဆင်းကာ အလယ်ပိုင်းမြစ်ဝှမ်းဒေသကိုဖြတ်ပြီး တောင်ဘက်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအဖြစ် အဆုံးသတ်သွားသည်။ မဲခေါင်မြစ်သည် တိဘတ်ကုန်းပြင်မြင့်မှ စတင်စီးဆင်းကာ တရုတ်နိုင်ငံယူနန်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ခြမ်းကို ဖြတ်ကာ လာအိုနိုင်ငံအတွင်းသို့ စီးဝင်သည်။

အရှေ့ဘက်တွင် သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့သည် ရှမ်းကုန်းမြေမြင့်၏ အနောက်ဘက်နှင့် ဒေါနတောင်တန်း၏ မြောက်ဘက်စွန်းမှ စီးဆင်းသည်။ မြန်မာနိုင်ငံ၏ ကျဉ်းမြောင်းသော အရှေ့တောင်ဘက်အပိုင်းတွင် ရေးမြစ်၊ Heinze မြစ်၊ ထားဝယ်မြစ်တနင်္သာရီမြစ်နှင့် လေညာမြစ်များသည် တိုတောင်းသောမြစ်များဖြစ်ပြီး ကပ္ပလီပင်လယ်တွင်းသို့ စီးဝင်သည်။ တောင်ဘက်ဆုံးတွင် Kraburi မြစ်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တောင်ဘက်နယ်နမိတ်မှ စတင်စီးဆင်းသည်။[]

ကျွန်းများ

မြန်မာနိုင်ငံရှိကျွန်းများအနက် ရမ်းဗြဲကျွန်း မှာအကြီးဆုံးဖြစ်၍ အ​ခြားထင်ရှားသောကျွန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

မြေအသုံးချမှုနှင့် သဘာဝအရင်းအမြစ်များ

မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များမှာ ရေနံ၊ သစ်၊ ခဲမဖြူခနောက်စိမ်းသွပ်ကြေးနီတန်စတင်ခဲစကျင်ကျောက်ထုံးကျောက်ကျောက်မီးသွေးကျောက်မျက် ရတနာသဘာဝဓာတ်ငွေ့နှင့် ရေစွမ်းအား တို့ ဖြစ်ကြသည်။

စိုက်ပျိုးနိုင်သော မြေ ၁၆.၅၆%
အမြဲတမ်းကောက်ပဲသီးနှံများ ၂.၂၄%
အခြား ၈၁.၂၀% (၂၀၁၂)
ဆည်ဧရိယာ ၂၁,၁၀၀ km² (၂၀၀၄)
စုစုပေါင်း ပြည့်ဖြိုးမြဲရေအရင်းအမြစ် ၁,၁၆၈ km3 (၂၈၀ cu mi) (၂၀၁၁)
ရေထုတ်ယူသုံးစွဲမှု၊ စုစုပေါင်း (အိမ်သုံး၊ စက်ရုံသုံး၊ စိုက်ပျိုးရေးသုံး) ၃၃.၂၃ km3/a (၇.၉၇ cu mi/a) (၁၀%/၁%/၈၉%)
Freshwater withdrawal, per capita ၇၂၈.၆ km3/a (၁၇၅ cu mi/a) (၂၀၀၅)

====မြေအသုံးချမှုနှင့် သဘာဝအရင်းအမြစ်များ==

မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များမှာ ရေနံ၊ သစ်၊ ခဲမဖြူခနောက်စိမ်းသွပ်ကြေးနီတန်စတင်ခဲစကျင်ကျောက်ထုံးကျောက်ကျောက်မီးသွေးကျောက်မျက် ရတနာသဘာဝဓာတ်ငွေ့နှင့် ရေစွမ်းအား တို့ ဖြစ်ကြသည်။

စိုက်ပျိုးနိုင်သော မြေ ၁၆.၅၆%
အမြဲတမ်းကောက်ပဲသီးနှံများ ၂.၂၄%
အခြား ၈၁.၂၀% (၂၀၁၂)
ဆည်ဧရိယာ ၂၁,၁၀၀ km² (၂၀၀၄)
စုစုပေါင်း ပြည့်ဖြိုးမြဲရေအရင်းအမြစ် ၁,၁၆၈ km3 (၂၈၀ cu mi) (၂၀၁၁)
ရေထုတ်ယူသုံးစွဲမှု၊ စုစုပေါင်း (အိမ်သုံး၊ စက်ရုံသုံး၊ စိုက်ပျိုးရေးသုံး) ၃၃.၂၃ km3/a (၇.၉၇ cu mi/a) (၁၀%/၁%/၈၉%)
Freshwater withdrawal, per capita ၇၂၈.၆ km3/a (၁၇၅ cu mi/a) (၂၀၀၅)
  • ==

သဘာဝဘေးအန္တရာယ်များ

ငလျင်များနှင့် ဆိုင်ကလုန်းများ၊ မိုးရာသီ (ဇွန်လမှ စက်တင်ဘာလ) တွင် ရေကြီးခြင်း နှင့် မြေပြိုခြင်းများ၊ မိုးခေါင်ခြင်းများ

သဘာဝပတ်ဝန်းကျင်

သစ်တောပြုန်းတီးခြင်း၊ စက်မှုလုပ်ငန်းများကြောင့် လေထု၊ မြေထု၊ ရေထု ညစ်ညမ်းခြင်း၊ ရေဆိုးနုတ်စနစ်နှင့် ရေသန့်စင်မှုစနစ် မလုံလောက်ခြင်းကြောင့် ရောဂါဖြစ်ပွားခြင်း

ကိုးကား

  1. Myanmar in brief။ 4 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2015 တွင် ပြန်စစ်ပြီး။
  2. "ရခိုင်ရိုးမတောင်တန်း" Britannica စွယ်စုံကျမ်း
  3. Loi Pangnao (mountain) - ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ။ 23 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2015 တွင် ပြန်စစ်ပြီး။
  4. ကယား ကရင် တနင်္သာရီ ဂေဟဒေသ
  5. တမ်းပလိတ်:WWF ecoregion
  6. မြန်မာနိုင်ငံမိတ်ဆက်
  7. Avijit Gupta, အရှေ့တောင်အာရှ၏ ရူပပထဝီဝင်၊ အောက်စဖို့တက္ကသိုလ်ပုံနှိပ်တိုက်၊ ၂၀၀၅။ ISBN 978-0-19-924802-5

ပြင်ပလင့်ခ်များ