ရှန်ဂလီလီကန်
ရှန်ဂလီလီကန် | |
---|---|
ကိုဩဒိနိတ် | 10°52′50″S 26°59′33″E / 10.880556°S 26.9925°Eကိုဩဒိနိတ်: 10°52′50″S 26°59′33″E / 10.880556°S 26.9925°E |
ရေအိုင်အမျိုးအစား | artificial lake |
ပင်မ ရေဝင်စီးကြောင်း | Lufira River |
ပင်မ ရေထွက်စီးကြောင်း | Lufira River |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Democratic Republic of Congo |
အကျယ်ဆုံး အလျား | ၂၅ km (၁၆ mi) |
အကျယ်ဆုံး အနံ | ၂၄ km (၁၅ mi) |
မျက်နှာပြင် ဧရိယာ | ၃၆၂.၅ km2 (၁၄၀.၀ sq mi) |
ပျမ်းမျှအနက် | ၂.၆ m (၈.၅ ft) |
အနက်ဆုံး အနက်အရှိုင်း | ၁၄ m (၄၆ ft) |
ရေထုထည် | ၁.၀၆၃ km3 (၀.၂၅၅ cu mi) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁,၁၀၅.၇၅ m (၃,၆၂၇.၈ ft) |
ရှန်ဂလီလီကန် သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်းတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ၎င်းကန်သည် ကာတန်ဂါစီရင်စုဟောင်း၏ မြို့တော် လီကာဆီမြို့၏ အရှေ့ဘက် ၂၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ဤကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၀၀ မီတာခန့်တွင် တည်ရှိသည်။ ကန်၏ ဧရိယာသည် ၃၆၂.၅ စတုရန်းကီလိုမီတာ ရှိသည်။ အစိုစွတ်ဆုံးလများဖြစ်သည့် ဖေဖော်ဝါရီနှင့် မတ်လများတွင် ကန်၏ ရေလွှမ်းဧရိယာသည် အမြင့်ဆုံး ၄၄၀ စတုရန်းကီလိုမီတာ ရှိသည်။ ကန်သည် အနက် တိမ်ကာ ၂.၆ မီတာမျှသာ ရှိသည်။