လောက (ဇီဝဗေဒ)
ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်အားဖြင့်၊ လောက (သို့မဟုတ် ရောမှားမှု ပိုနည်းစေမည့် ဇီဝဗေဒအသုံးအနှုန်း အဖြစ်) မျိုးဘုံ (အင်္ဂလိပ်: Kingdom) သည် — နယ်ပယ် (ခေါ်) မျိုးဘုံစု တခုခုအတွင်းရှိ ပိုမိုဆင်တူရာ မျိုးပေါင်းစု(မျိုးအုံ) များကို ခြုံငုံကာ ခေါင်းစဉ်လိုက်ပေးထားခြင်း ဖြစ်၏။
အမျိုးစာရင်း သတ်မှတ်ထားကြပုံများ
အမေရိကန်ပြည်ထောင်စု၏ ပြဋ္ဌာန်းစာအုပ်များတွင် မျိုးဘုံကြီး ၆ ခု (the 6 Kingdoms) အဖြစ်
- သတ္တဝါ မျိုးဘုံ (Kingdom of Animals)
- အပင် မျိုးဘုံ (Kingdom of Plants)
- မှို မျိုးဘုံ (Kingdom of Fungi)
- ပရိုတစ်တာIပရိုးတစ်စ် မျိုးဘုံ
- အာခီးယား မျိုးဘုံ
- ဘတ္တီးရီးယား မျိုးဘုံ
ဗြိတိန်၊ ဩစတြေးလျ၊ လက်တင်အမေရိက နှင့် အိန္ဒိယ စသည့် နိုင်ငံအချို့တွင်မူ မျိုးဘုံကြီး ၅ ခု အဖြစ်
ခေတ်ပေါ် ကိုင်းခွဲသတ်မှတ်နည်း(cladistics)ကို အခြေခံပြီးသတ်မှတ်တဲ့ မျိုးခွဲခြားနည်းများတွင်'လောက' ဆိုသည့်ဝေါဟာရကို အတိအလင်း ဖယ်ရှားထားကြသည်။ အကြောင်းမှာ လက်ဟောင်း လောကများသတ်မှတ် ခွဲခြားနည်းသည် ဘုံမျိုးရင်းခံတစ်ခုရဲ့ မျိုးဆက်ခံသက်ရှိတွေအားလုံးကို ထည့်သွင်းနိုင်ခြင်း မရှိ၍ဖြစ်သည်။
သမိုင်း
အကျဉ်းချုပ်
လင်းနိယ | ဟက်ကဲလ် | ချယ်တွန် | ကိုဖလန့်ဒ် | ဝှီတက်ကာ | ဝေါ့ဇ် | ကဘလီယာ စမစ် | ||
---|---|---|---|---|---|---|---|---|
၁၇၃၅ လောက ၂ခု |
၁၈၆၆ လောက ၃ခု |
၁၉၂၅ လောက ၂ခု |
၁၉၃၈ လောက ၄ခု |
၁၉၆၉ လောက ၅ခု |
၁၉၇၇ လောက ၆ခု |
၁၉၉၀ နယ်ပယ် ၃ခု |
၁၉၉၃ လောက ၈ခု |
၁၉၉၈ လောက ၆ခု |
(မရှိ) | မူလသက်ရှိ (Protista) |
နျူကလိယမဲ့ သက်ရှိ (Prokaryota) |
မိုနေရာ (Monera) |
မိုနေရာ (Monera) |
ယူဘက်တီးရီးယား (Eubacteria) |
ဘက်တီးရီးယား (Bacteria) |
ယူဘက်တီးရီးယား (Eubacteria) |
ဘက်တီးရီးယား (Bacteria) |
အာခေဘက်တီးရီးယား (Archaeabacteria) |
အာခေးအာ (Archaea) |
အာခေဘက်တီးရီးယား (Archaeabacteria) | ||||||
နျူကလိယပါ သက်ရှိ (Eukaryota) |
မူလသက်ရှိ (Protista) |
မူလသက်ရှိ (Protista) |
မူလသက်ရှိ (Protista) |
နျူကလိယပါ သက်ရှိ (Eukarya) |
အာခေသတ္တဝါ (Archezoa) |
မူလသတ္တဝါ (Protozoa) | ||
မူလသတ္တဝါ (Protozoa) | ||||||||
ခရိုမိစ်တာ (Chromista) |
ခရိုမိစ်တာ (Chromista) | |||||||
အပင် (Vegetabilia) |
အပင် (Plantae) |
အပင် (Plantae) |
အပင် (Plantae) |
အပင် (Plantae) |
အပင် (Plantae) |
အပင် (Plantae) | ||
မှို (Fungi) |
မှို (Fungi) |
မှို (Fungi) |
မှို (Fungi) | |||||
သတ္တဝါ (Animalia) |
သတ္တဝါ (Animalia) |
သတ္တဝါ (Animalia) |
သတ္တဝါ (Animalia) |
သတ္တဝါ (Animalia) |
သတ္တဝါ (Animalia) |
သတ္တဝါ (Animalia) |
ဇီဝဗေဒ လောက (Kingdom) အဆင့်ကို သက်ရှိရုပ်စု (organisms) များအား အုပ်စုဖွဲ့ရာ၌ အသုံးဝင်သောနည်းလမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေဆဲသော်လည် သဘောထားကွဲလွဲမှု ပြဿနာအချို့ရှိဆဲဖြစ်သည်။ အဆိုပါ ပြဿနာတို့မှာ -
- Protozoa ကဲ့သို့သော လောကအဆင့်ကို ဇီဝဗေဒကလိတ်ဒ် (clade)အဖြစ် ယူမည့်အစား ဇီဝဗေဒဂရိတ်(grade)အဖြစ် ကိုယ်စားပြု ဖော်ပြကြသဖြင့် phylogenetic classification စနစ်များမှ လက်မခံပါ။
- ယူကဲရီးယုတ်စ် (eukaryotes) ကို လတ်တလောသုတေသနများ၏ တွေ့ရှိချက်များအပေါ် မူတည်လျှင် မည်သည့် လက်ရှိ မျိုးရိုးခွဲခြားခြင်းစနစ်များအရ အုပ်စုခွဲခြားသတ်မှတ်ရန် မဖြစ်နိုင်သေးပါ။ ၂၀၁၀-ခုနှစ် ဧပြီလအထိ သိရှိချက်များအရ မည်သည့် လောက (Kingdom) အဆင့် အုပ်စုမှ ကျယ်ကျယ်ပြန့်ပြန့်လက်ခံမှုရရှိရန် လုံလောက်သော သုတေသန အထောက်အထားများ မရှိသေးပါ။ ၂၀၀၉-ခုနှစ်တွင် Andrew Roger နှင့် Alastair Simpson တို့က ရှာဖွေတွေ့ရှိမှုအသစ်များကို ဆန်းစစ်ရာတွင် ဂရုတစိုက်နှင့် လုံ့လဝီရိယအထူးရှိရန် လိုအပ်ကြောင်းကို "ယူကဲရီးယုတ် (eukaryote) သက်ရှိအုပ်စုလမ်းကြောင်း (tree of life)နှင့် ပတ်သက်သော ကျွန်ုပ်တို့၏ လက်ရှိနားလည်မှုမှာ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေမှုကြောင့် သတိအထူးထားကာ ဆက်လက်လုပ်ဆောင်သင့်သည်။"ဟု အလေးပေး ပြောကြားခဲ့သည်။[၁]
ကိုးကား
- ↑ "Evolution: Revisiting the Root of the Eukaryote Tree" (2009). Current Biology 19 (4): R165–7. doi: . PMID 19243692.