သုဒိတာ
သုဒိတာ สุทิดา | |
---|---|
ထိုင်းနိုင်ငံ၏ မိဖုရားခေါင် | |
သက်တမ်း | ၁ မေ ၂၀၁၉- လက်ရှိ |
နန်းတက်ချိန် | ၄ မေ ၂၀၁၉ |
မွေးဖွား | ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ | ၃ ဇွန်၊ ၁၉၇၈
အိမ်ထောင်ဖက် | ဝဇိရာလင်္ကရဏ (ရာမ ၁၀) |
စံအိမ် | မဟီဒေါ (ချက္ကရီမင်းဆက်) |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
သုဒိတာ(ထိုင်း: สุทิดา၊ မွေးနာမည်: สุทิดา ติดใจ; သုဒိတာ တိတစေယ)သည် ထိုင်းနိုင်ငံ၏ မိဖုရားခေါင်၊ ဘုရင် လောင်ကွန်း၏ စတုတ္ထမြောက်မိဖုရား ဖြစ်သည်။
ဘဝအစ
၁၉၇၈ ခု၊ ဇွန်လ ရက်တွင် မွေးသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဆက်ဆံရေးဘာသာ (Communication Arts) ဖြင့် အဆမ်းပရှင်း တက္ကသိုလ်မှ ဘွဲ့ရသည်။ ထို့နောက် ထိုင်းလေကြောင်း၏ လေယာဉ်မယ် ဖြစ်လာသည်။
စစ်မှုထမ်း ဘဝ
၂၀၁၄ ခုနှစ် ဩဂုတ်လတွင် အိမ်ရှေ့မင်းသား လောင်ကွန်း၏ သက်တော်စောင့်အဖွဲ့တွင် တပ်မှူးအဖြစ် ခန့်အပ် ခံရသည်။
ရာထူး အဆင့်ဆင့်
ခန့်အပ် ရက်စွဲ | အဆင့် | မှတ်ချက် |
---|---|---|
၂၀၁၀ မေ ၁၄ | ဒုဗိုလ် | |
၂၀၁၀ နိုဝင်ဘာ ၁၄ | ဗိုလ် | |
၂၀၁၁ ဧပြီ ၁ | ဗိုလ်ကြီး | |
၂၀၁၁ အောက်တိုဘာ ၁ | ဗိုလ်မှူး | |
၂၀၁၂ ဧပြီ ၁ | ဒုတိယ ဗိုလ်မှူးကြီး | |
၂၀၁၂ အောက်တိုဘာ ၁ | ဗိုလ်မှူးကြီး | |
၂၀၁၃ နိုဝင်ဘာ ၁၀ | ဗိုလ်မှူးချုပ် | |
၂၀၁၆ ဩဂုတ် ၂၆ | ဒုတိယ ဗိုလ်ချုပ် | |
၂၀၁၆ ဒီဇင်ဘာ ၁၀ | ဗိုလ်ချုပ် |
မိဖုရားခေါင်
အိမ်ရှေ့မင်းသား လောင်ကွန်းမှာ စုဝတီနှင့် ပြတ်စဲပြီးနောက် စုသီတာနှင့် ဇာတ်လမ်းဖြစ်လာသည်။
၂၀၁၉ခုနှစ် မေလ၁ရက်နေ့တွင် ဘုရင် လောင်ကွန်း၏ မိဖုရားခေါင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[၁]ဘုရင်လောင်ကွန်းသည် မေလ၄ရက်မှ၆ရက်နေ့အတွင်းတွင် နန်းသိမ်းပွဲကျင်းပခဲ့သည်။လက်မှတ်ရေးထိုးပွဲကို ဘန်ကောက်မြို့၊ တော်ဝင်နန်းတော်၌ ကျင်းပခဲ့ပြီး နှမတော် မင်းသမီးကြီး သီရိဒုံနှင့် ဘုရင်ခံဟောင်း ပရမ်တို့က အသိသက်သေအဖြစ် ဆောင်ရွက်ခဲ့ကြသည်။[၂]
ကိုးကား
- ↑ พระราชประวัติ สมเด็จพระราชินีสุทิดา (May 1, 2019)။
- ↑ New queen named။ Bangkok Post (1 May 2019)။