အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ
![](http://upload.wikimedia.org/wikipedia/commons/thumb/e/e0/Togliatti_surface.png/235px-Togliatti_surface.png)
အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ (algebraic geometry) သည် သင်္ချာပညာ၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး ပိုလီနိုမီရယ် ညီမျှခြင်း (polynomial equation) များ၏ ကိန်းရင်းများကို လေ့လာသည့် ဘာသာရပ်အဖြစ် ရှေးယခင်က သတ်မှတ်ခဲ့သည်။ သို့သော် မျက်မှောက်ခေတ် အက္ခရာသင်္ချာ ဂျီဩမေတြီ ဘာသာရပ်မှာမူ ခေတ်သစ် အက္ခရာသင်္ချာ (abstract algebra)၊ အထူးသဖြင့် ပတ်လည်ညီ အက္ခရာသင်္ချာ (commutative algebra)၊ နည်းလမ်းများအပေါ်တွင် ပိုမိုမှီတည်ပြီး၊ ဂျီဩမေတြီ (geometry) အသုံးအနှုန်းများကို အသုံးပြု၍ ဂျီဩမေတြီ ပြဿနာများကို လေ့လာဖြေရှင်းခြင်း ဖြစ်သည်။