အင်ဂျင် ကွန်ထရိုး ယူနစ်

အင်ဂျင်ကွန်ထရိုးယူနစ် (Engine Control Unit) သို့ ပါဝါ ထရိန်း ကွန်ထရိုး မော်ဒျူး ဆိုသည်မှာ အီလက်ထရွန်းနစ် ထိန်းချုပ်မှုဆိုင်ရာ အစိတ်အပိုင်း တစ်မျိုး ဖြစ်ပြီ: အတွင်းလောင်အင်ဂျင်ကို လည်ပတ်ရန် အတွက် လိုအပ်သော လောင်စာဆီ ပမာဏ၊ လောင်ကျွမ်းမှု တိုင်မင် နှင့် အခြား လိုအပ်သော အချက်အလက်များကို ထိန်းညှိ ဆုံးဖြတ်ပေးသော ကိရိယာတစ်မျိုး ဖြစ်သည်။

အာရုံခံများ

အင်ဂျင် ထိန်းချုပ်ယူနစ်တွင် အမျိုးမျိုးသော အာရုံခံများ တပ်ဆင်အသုံးပြုပြီး အသုံးပြုသော အာရုံခံများမှာ

  • မန်နီဖိုး ပကတိဖိအား အာရုံခံ
  • လေအပူချိန် အာရုံခံ
  • လေတံခါး တည်နေရာ အာရုံခံ
  • အင်ဂျင်အပူချိန် အာရုံခံ
  • ယာဉ်အမြန်နှုန်းရုံခံ
  • ယာဉ်တိမ်းစောင်းမှု အာရုံခံ
  • ကရိုင်း တည်နေရာ အာရုံခံ
  • အောက်ဆီဂျင် ပမာဏ အာရုံခံ
  • ကမ္ဘာ့ လေဖိအား အာရုံခံ
  • ကင်မ်ရှပ် တည်နေရာ အာရုံခံ
  • လေအိတ် အာရုံခံ
  • မီးခေါက်သံ အာရုံခံ

စသည်ဖြင့် များစွာ ပါရှိပြီး ခလုတ်များသည် အာရုံခံမဟုတ်သော်လည်း ခလုတ်များကိုပါအာရုံခံ အဖြစ် Switch signal ဖန်တီး၍ အသုံးပြုပါသည်။