အရှေ့အာရှ

အရှေ့အာရှ (East Asia)
Map of East Asia
ဧရိယာ၁၁,၈၃၉,၀၇၄ စတုရန်းကီလိုမီတာ [note ၁]
လူဦးရေ၁,၅၇၅,၇၈၄,၅၀၀ [note ၂]
လူဦးရေသိပ်သည်းဆ130/km²(340/sq mi)
နိုင်ငံများနှင့် နယ်မြေဒေသများ
မြို့တော်များ
အခြားမြို့ကြီးများ
ဘာသာစကားများနှင့် ဘာသာစကားအုပ်စုများ
အချိန်ဇုန်
  • UTC +7:00 (အနောက်မွန်ဂိုးလီးယား)
  • UTC +8:00 (ကျန်သောမွန်ဂိုးလီးယား၊ တရုတ်၊ ထိုင်ဝမ်၊ မကာအိုနှင့် ဟောင်ကောင်)
  • UTC +9:00 (ဂျပန်နှင့် ကိုရီးယားကျွန်းဆွယ်)
  မြောက်အာရှ
  အနောက်အာရှ
  အရှေ့အာရှ

အရှေ့အာရှသည် ပထဝီဝင်အရ ပိုင်းခြားခေါ်ဆိုထားသည့် အာရှတိုက်၏ အရှေ့ပိုင်းဒေသကို ဆိုလိုသည်။[] အရှေ့အာရှသည် ၁၂,၀၀၀,၀၀၀ စတုရန်းကီလိုမီတာ (၄,၆၀၀,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းကာ အာရှတိုက်၏ ၂၈% ခန့်ရှိသည်။ ဥရောပတိုက်၏ ဧရိယာထက် ၁၅% ခန့် ပိုမိုကျယ်ဝန်းသည်။

အရှေ့အာရှတွင် လူဦးရေ သန်းတစ်ထောင်ငါးရာကျော်ခန့် နေထိုင်လျက်ရှိသည်။ ထိုအရေအတွက်မှာ အာရှတိုက်လူဦးရေ၏ ၃၈ % ခန့်၊ ကမ္ဘာ့လူဦးရေ၏ ၂၂% ခန့် သို့မဟုတ် ငါးပုံတစ်ပုံကျော် ဖြစ်သည်။ လူဦးရေသိပ်သည်းဆမှာ ပျမ်းမျှအားဖြင့် တစ်စတုရန်းကီလိုမီတာလျှင် လူ ၁၃၃ ဦးနှုန်းဖြစ်ကာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဒေသများတွင် အပါအဝင်ဖြစ်သည်။

မှတ်စု

  1. ဤဧရိယာမှာ တရုတ် (ဟောင်ကောင်၊ မကာအို၊ Aksai Chin နှင့် Trans-Karakoram Tract များအပါအဝင်)၊ ဂျပန်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံများ၏ စုစုပေါင်းဧရိယာ ဖြစ်သည်။
  2. လူဦးရေမှာ တရုတ်နိုင်ငံ (တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအို)၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ် တို့၏ စုစုပေါင်းလူဦးရေ ဖြစ်သည်။ (၂၂ ဖေဖော်ဝါရီ ၂၀၁၁)

ကိုးကား

  1. East Asiaencarta။ Microsoft။ 31 October 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-01-12 တွင် ပြန်စစ်ပြီး။ “the countries, territories, and regions of China, Mongolia, Hong Kong, Japan, North Korea, South Korea, Macau, and Taiwan.”