အသိစိတ်

အခြားကြည့်ရန်။ သတိလွတ်စိတ် နှင့် သိတွေးအင်
A cognitive model illustrated by Robert Fludd
ရောဘတ် ဖှလဒ်ဆိုသူက ၁၆၁၉ တွင် ချပြသော သိတွေးအုံ စံသရုပ် (cognitive model)[]

အသိစိတ် (အင်္ဂလိပ်: consciousness) (သို့) အသိပါ စိတ် (ခေါ်) သတိကပ်စိတ် (အင်္ဂလိပ်: conscious mind) ဟူသည်မှာ အရှင်းဆုံးအားဖြင့်လျှင် စိတ်ပိုင်ရှင်၏ အတွင်း အပြင် ဖြစ်တည်မှုအားလုံးအပေါ် အခြင်းအရာ ဖမ်းသိမှု (awareness) ရှိနေခြင်းဟုလည်း ဆိုကြ၏။[] သို့သော် ၎င်း၏ သဘောသရုပ်အကြောင်းကို ဒဿနိကဗေဒစိုင်းယန့်စ်ရှုထောင့် စသဖြင့် အဘက်ဘက်မှ ခွဲခြမ်းစိတ်ဖြာကြည့်ပုံများ၊ ဖြေရှင်းစဉ်းစားကြည့်ပုံများဖြင့် နှစ်ပေါင်းထောင်ချီ ဆွေးနွေးငြင်းခုံကြဆဲ ဖြစ်နေ၏၊ မည်သည့် အခြင်းအရာတို့ကို ပဓာနထား လေ့လာအပ်သည်ပင် အထင်အမြင်တို့ ကွဲလွဲလျက် ရှိ၏။

  • အချို့ ဖြေရှင်းစဉ်းစားပုံများတွင် စိတ်(အစဉ်စု)ဟူသော အရာကြီး တစ်ခုလုံးက ဤ အသိစိတ် (Consciousness) ဖြစ်သည် ဟု ယူဆလျက်၊
  • စိတ်သရုပ်ခွဲဗေဒ (Psychoanalysis) ရှုထောင့်အရမူ ဤ သတိကပ်စိတ် (Conscious Mind) ဟူသည်က လူတဦး သိတွေးအင် (ဆိုက်ခီ)တခု၏ တစ်စိတ်တပိုင်းသဖွယ်၊ သတိပေးစိုက်မှုဖြင့် စဉ်းစားစစ်ဆေး ဆက်လက်သော သိတွေးလုပ်ငန်းများ ဖြစ်နိုင်၏။

အကိုးအကား

  1. Fludd, Robert. "De tripl. animae in corp. vision". Tract. I, sect. I, lib. X in Utriusque cosmi maioris scilicet et minoris metaphysica, physica atqve technica historia, vol. II. p. 217.
  2. "consciousness"Merriam-WebsterJune 4, 2012 တွင် ပြန်စစ်ပြီး