အောက်တိုဘာ ၂၀၁၁
(၁) ရက်။
- ကုလသမဂ္ဂက ထုတ်ပြန် ချက်အရ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) အထိ ရှိပြီဟု ဆိုသည်။
- မြစ်ဆုံဆည် တည်ဆောက်မှု စီမံကိန်း ရပ်တန့်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် ပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံအား ပြောကြားသည်။ [၁][၂]
- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် 'ဝ'အထူးဒေသ (၂) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ပထမအကြိမ် ငြိမ်းချမ်းရေးကိစ္စများ ညှိုနှိုင်းဆွေးနွေး။ 'ဝ' အထူးဒေသ (၂) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ တိုင်းပြည်ပြိုကွဲအောင် မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရေရှည်ဆက်လက်ထိန်းသိမ်း၍ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးရှောက်မိန်လင့် က ပြောကြားခဲ့။[၃]
(၃)ရက်
- အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် အကြောင်းအရာ လေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ။ [၄]
(၄)ရက်။
- ဆီးရီးယားနိုင်ငံတွင် အစိုးရအား ဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တွင် ဆီးရီးယားနိုင်ငံအား အရေးယူရန် မဲခွဲဆုံးဖြတ်ကြရာ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဗီတိုအာဏာ သုံး၍ ပယ်ချလိုက်သည်။ [၅]
- ဆောလ် ပါးလ် မွတ်တား (Saul Perlmutter)၊ ဘရိုင်ယန် ပီ ရှမစ် (Brian P. Schmidt) နှင့် အဒမ် ရိုက်ယက်စ် (Adam Riess) တို့သည် စကြဝဠာကြီး၏ ပြန့်ကားခြင်း နှင့်ဆိုင်သော ရူပဗေဒ စူးစမ်းတွေ့ရှိမှုအတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ကို ပူးတွဲ ရရှိကြသည်။ [၆]
(၅)ရက်။
- ပန်းသီးကုမ္ပဏီ (Apple Inc.) တည်ထောင်သူ စတိဗ် ဂျော့ချ် ကွယ်လွန်သည်။ [၇]
- အစ္စရေး သိပ္ပံပညာရှင် ဒင်နီယယ် ရှစ်ချ်မင်း (Daniel Shechtman) သည် ကွာစီပုံဆောင်ခဲများ ကို ရှာဖွေတွေ့ရှိခဲ့မှုအတွက် ၂၀၁၁ ခုနှစ် အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို ရရှိသွားသည်။ (AP via The Star) [၈]
(၆)ရက်။
- ဆွီဒင်လူမျိုး ကဗျာဆရာ ထောမတ်စ် ထရန်စထရောမား သည် ၂၀၁၁ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ကို ရရှိသွားသည်။ (Nobel Foundation) [၉]
(၇)ရက်။
- လိုင်ဘေးရီးယား သမ္မတ အယ်လင် ဂျွန်ဆင် ဆာလိဖ် (Ellen Johnson-Sirleaf)၊ လိုင်ဘေးရီးယား တက်ကြွလှုပ်ရှားသူ လေမာ ဂဘော့ဝီး (Leymah Gbowee) နှင့် ယီမင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ တဝါ့ကူလ် ကာမန် တို့သည် ၂၀၁၁ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ကို ပူးတွဲဆွတ်ခူးရရှိသွားကြသည်။ (AFP via Google News) [၁၀]
(၁၁)ရက်။
- ဟားမားစ်တို့၏ ၅ နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသော အစ္စရေး စစ်သား ဂျီလတ် ရှလစ် အား ပြန်လည် ရယူနိုင်ရန်အတွက် အစ္စရေးအကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းချထားသော ပါလက်စတိုင်း အကျဉ်းသား တစ်ထောင်ကျော် နှင့် အလဲအလှယ် ပြုလုပ်ရန် အစ္စရေး ကက်ဘိနက် မှ သဘောတူ ခွင့်ပြုလိုက်သည်။ (Xinhuanet) [၁၁]
- ရုရှားနိုင်ငံ နှင့် ဓာတ်ငွေ့ အရောင်းအဝယ် ပြုလုပ်ရာတွင် အာဏာအလွဲသုံးစားမှု အတွက် ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှင်ကို (Yulia Tymoshenko) တရားရုံးမှ ထောင်ဒဏ် (၇) နှစ်ချမှတ်လိုက်သည်။ (BBC) [၁၂]
- တရုတ်နိုင်ငံသား သင်္ဘောသား (၁၂)ဦး၏ ရုပ်အလောင်းများကို မဲခေါင်မြစ်အတွင်း မျောပါလာသော သင်္ဘောပေါ်မှ ထိုင်းလုံခြုံရေးများက တွေ့ရှိသည်။ (Xinhua) [၁၃]
(၁၂) ရက်။
- နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၄၉/၂၀၁၁ အရ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၆၃၅၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု၊ မြစ်ကြီးနား အကျဉ်းထောင်မှ ဇာဂနာ ပြန်လည်လွတ်လာ။
- အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ပြဋ္ဌာန်းသည်။
- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းသည် အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးထွက်ခွာ။
(၁၃)ရက်။
- ဘူတန်ဘုရင် ဂျစ်မီ ခီဆာ နမ်ဂျယ်လ် ဝမ်ချပ်ခ် (Jigme Khesar Namgyal Wangchuck) သည် အသက် ၂၁-နှစ်အရွယ်ရှိ ကောလိပ်ကျောင်းသူလေး ဂျစ်ဆွန် ပီမာ (Jetsun Pema) နှင့် လက်ထပ်သည်။ (AP via MSNBC) [၁၄]
- မဲခေါင်မြစ်ရေကြီးမှုကြောင့် ဗီယက်နမ်နိုင်ငံတွင် လူပေါင်း ၄၃ ယောက် သေဆုံးပြီး လူဦးရေ ၇ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ [၁၅]
(၁၄) ရက်။
- ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ သမီးဦးရတနာလေးကို ဝိတိုရိယအထွေထွေ ရောဂါကုဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။
(၁၆)ရက်။
- အသက် (၁၀၀)နှစ် ရှိပြီဖြစ်သော ဗြိတိသျှနိုင်ငံသား အိန္ဒိယလူမျိုး ဖော်ဂျာဆင်း (Fauja Singh) အား ဂင်းနစ်စ် စံချိန်မှတ်တမ်းအဖွဲ့မှ မာရသွန်အပြေးပြိုင်ပွဲကို ပြီးဆုံးအောင် ပြေးသော အသက်အကြီးဆုံး အပြေးသမား အဖြစ် မှတ်တမ်းတင်လိုက်သည်။ (The Tribune) [၁၆]
(၁၈)ရက်။
- အစ္စရေး နှင့် ပါလက်စတိုင်းတို့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ် ပထမအဆင့်အရ ၁၀၂၇ အနက်အချို့ကို စတင်လဲလှယ်ပေးနေပြီ ဖြစ်သည်။ ယင်းတို့အနက် ၂၈၀ ကျော်မှာ သေဒဏ် ချမှတ်ခံထားရသူများ ဖြစ်သည်။ [၁၇]
(၁၉)ရက်။
- တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် နှင့် ဂျပန် ဝန်ကြီးချပ်သစ် ယိုရှီဟီကို နိုဒါ တို့ ဆိုးလ်မြို့ တွင် တွေ့ဆုံသည်။ [၁၈]
(၂၀) ရက်။
- လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) သေဆုံး။
(၂၁)ရက်။
- ဂျပန်နိုင်ငံ ဆန်ဒိုင်းငလျင် နှင့် ဆူနာမီ ပြန်လည်ထူထောင်ရေးအတွက် အစိုးရမှ အမေရိကန်ဒေါ်လာ ၁၅၇ ဘီလီယံ ခွင့်ပြလိုက်သည်။ [၁၉]
- အမေရိကန် သမ္မတ အိုဘားမား က ၂၀၁၁ ခုနှစ်အကုန်တွင် အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အားလုံး အပြီးအစီး ရုပ်သိမ်းမည်ဟု ကြေညာသည်။ [၂၀]
(၂၂) ရက်။
- ကဗျာဆရာ ကြည်မောင်သန်းကွယ်လွန်။
- ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား ဘင် အဗ္ဗဒူလာ အယ်လ်ဆော့ သေဆုံးသည်။ [၂၁]
(၂၃) ရက်။
- တူရကီနိုင်ငံအရှေ့ပိုင်း၊ ဗန်းမြို့အနီးတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့၊ [၂၂]
- တူနီးရှား၊ ဘူလ်ဂေးရီးယား၊ အာဂျင်တီးနား နှင့် ဆွစ်ဇာလန် တို့တွင် ရွေးကောက်ပွဲများကျင်းပသည်။
(၂၆)ရက်။
- ဂျပန်လေကြောင်းလိုင်း All Nippon Airways မှ ဘိုးအင်း-၇၈၇ လေယာဉ်များကို ပထမဆုံး အသုံးပြု၍ တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ကြား ခရီးသည်တင်ပြေးဆွဲ။ [၂၃]
(၂၇)ရက်။
- လစ်ဗျားနိုင်ငံ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားချက်ကို အောက်တိုဘာလ (၃၁)ရက်နေ့တွင် ပယ်ဖျက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကြေညာသည်။ [၂၄]
- ဗန်းငလျင်ကြောင့် သေဆုံးသူ ၅၂၃ ယောက် ရှိပြီ ဖြစ်သည်။ [၂၅]
- အိုင်ယာလန်နိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပသည်။ [၂၆]
(၂၈)ရက်။
- ထိုင်းတပ်မတော်မှ စစ်သား (၉) ယောက်အား မဲခေါင်မြစ်တွင်း တရုတ်သင်္ဘောသားများ အသတ်ခံမှု အတွက် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်။ [၂၇]
(၃၀)ရက်။
- ကိုလံဘီယာ၊ ဘူလ်ဂေးရီးယားနှင့် ကာဇက်စတန်နိုင်ငံတို့တွင် ရွေးကောက်ပွဲများ ကျင်းပသည်။
(၃၁)ရက်။
- ယူနက်စကိုအဖွဲ့ သည် ပါလက်စတိုင်းနိုင်ငံအား ကုလသမဂ္ဂ တင်းပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ်အသိအမှတ် ပြုရေးကိစ္စတွင် ထောက်ခံသော ပထမဆုံး အဖွဲ့အစည်း ဖြစ်လာသည်။ ယင်းသို့ထောက်ခံမှုအတွက် အမေရိကန်မှ အချိုးကျထည့်ဝင်ငွေများကို ရုပ်သိမ်းသည်။ [၂၈]
- ကုလသမဂ္ဂ လူဦးရေ ဌာနခွဲမှ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာသည်။ [၂၉]
ကိုးကား