စောလူးမင်း

စောလူး
ဗမာဘုရင်
နန်းသက်၁၁ ဧပြီ ၁၀၇၇ – ဧပြီ ၁၀၈၄
ရှေ့မင်းဆက်အနော်ရထာ
ဆက်ခံသူကျန်စစ်သား
မွေးဖွား၁၉ ဧပြီ ၁၀၄၉
မြန်မာသက္ကရာဇ် ၄၁၁၊ ကဆုန်လဆုတ် ၁ ရက်၊ ဗုဒ္ဓဟူး[note ၁]
ပုဂံ
ကွယ်လွန်၂၁ ဧပြီ ၁၀၈၄ မတိုင်မီ
မြန်မာသက္ကရာဇ် ၄၄၆၊ ကဆုန်လပြည့်၊ စနေနေ့မတိုင်မီ
မကွေးအနီး ပြည်တော်သာကျွန်း
ကြင်ရာတော်ဦးဆောက်ပန်း[]
မဏိစန္ဒာ
သားသမီးများစောယွန်း
တော်ဝင်ဘွဲ့အမည်
ၐြီဝဇြာဗရဏ တြိဘုပတိ
စံအိမ်ပုဂံ
ခမည်းတော်အနော်ရထာ
မယ်တော်အဂ္ဂမဟေသီ[]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

စောလူးမင်း (မင်းလုလင်; ၁၉ ဧပြီ ၁၀၄၉ – c. ၂၁ ဧပြီ ၁၀၈၄) သည် ပုဂံခေတ်တွင် ခရစ်နှစ် ၁၀၇၇ မှ ၁၀၈၄ အထိ အုပ်ချုပ်ခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်အား ထူထောင်ခဲ့သည့် ဖခင် အနော်ရထာမင်းထံမှ ထီးနန်းဆက်ခံခဲ့သော်လည်း ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ၁၀၈၂ ခုနှစ်တွင် အောက်မြန်မာပြည် ပုန်ကန်မှုဖြစ်ပွားခဲ့ပြီး ၁၀၈၃ ခုနှစ် ဧပြီလခန့်တွင် ဖမ်းဆီးခံခဲ့ရကာ တစ်နှစ်အကြာတွင် အသတ်ခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။

အစောပိုင်းဘဝ

စောလူးကို ဖခင် အနော်ရထာမင်းနှင့် တောင်နန်းမိဖုရား အဂ္ဂမဟေသီတို့က မွေးဖွားခဲ့သည်။[] မြန်မာရာဇဝင်ကျမ်းများတွင် စောလူး၏ သက်တမ်းနှင့် နန်းသက်များဖော်ပြရာတွင် ကွဲလွဲမှုများ ရှိသည်။ အောက်ပါဇယားတွင် ထင်ရှားသော ရာဇဝင်ကျမ်းလေးစောင်နှင့် သမိုင်းပညာရှင်တို့က ဖော်ပြပါရှိသည့် ရက်စွဲများကို စာရင်းပြုထားသည်။[][]

ရင်းမြစ် မွေးဖွား-ကွယ်လွန် အသက် ထီးနန်းစံချိန် နန်းသက်
ဇာတာတော်ပုံရာဇဝင် (ဘုရင်များ စာရင်း)[] ၁၀၅၀–၁၀၈၄ ၃၄ ၁၀၇၇–၁၀၈၄
ဇာတာတော်ပုံရာဇဝင် (တော်ဝင်ဇာတာ ကဏ္ဍ)[] ၁၀၄၉–၁၀၈၄ ၃၄ ၁၀၇၇–၁၀၈၄
မှန်နန်း ရာဇဝင် ၁၀၀၆–၁၀၆၁ ၅၅ ၁၀၃၅–၁၀၆၁[note ၂] ၂၆
မဟာရာဇဝင်သစ် ၁၀၁၀–၁၀၆၅ ၅၄ ဖေဖော်ဝါရီ ၁၀၆၀ – ၁၀၆၅
မဟာရာဇဝင်ကြီး ၁၀၂၀–၁၀၆၅ ၄၅ ၁၀၆၀–၁၀၆၅
ပညာရှင်များ ၁၉ ဧပြီ ၁၀၄၉[]–၂၁ ဧပြီ ၁၀၈၄ မတိုင်မီ[] ၃၄ ၁၁ ဧပြီ ၁၀၇၇–၂၁ ဧပြီ ၁၀၈၄ မတိုင်မီ []

ထို့အပြင် စောလူးနှင့် အနော်ရထာ၏ အခြားသားတော်ဖြစ်သော ကျန်စစ်သားတို့၏ အသက်ကွာခြားမှုတွင်လည်း ရာဇဝင်ကျမ်းများတွင် ကွဲလွဲစွာ ဖော်ပြထားသည်။ အစောပိုင်းရာဇဝင်ကျမ်းများအရ ကျန်စစ်သားသည် စောလူးထက် (ဇာတာတော်ပုံ အရ အသက် ၂၀) နှင့် (မဟာရာဇဝင် အရ နှစ်နှစ်) အသက်ကြီးကြောင်း ဖော်ပြထားသည်။ သို့သော် နှောင်းပိုင်းရာဇဝင်ကျမ်းများဖြစ်သည့် ရာဇဝင်သစ်နှင့် မှန်နန်း တို့က စောလူးသည် ကျန်စစ်သားထက် နှစ်နှစ်ပိုကြီးကြောင်း ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ အနော်ရထာသည် စောလူးအား ထီးနန်းဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်။ စောလူးအား မွေးဖွားပြီးနောက် မွန်အမျိုးသမီးတစ်ဦး နို့ထိန်းအဖြစ်ပြုစုခဲ့ပြီး ယင်းနို့ထိန်း၏ သားဖြစ်သော ငရမန်ကန်းနှင့် ငယ်သူငယ်ချင်းများ ဖြစ်ခဲ့သည်။[] စောလူးသည် တိုင်းပြည်အုပ်ချုပ်ရန် စိတ်ပါဝင်စားခြင်းမရှိဘဲ ဖခင်၏ တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။

ထီးနန်း

ဖခင် အနော်ရထာလွန်ပြီးနောက် အေဒီ ၁၀၇၇၊ ဧပြီ ၁၁ တွင် စောလူးသည် ပုဂံထီးနန်းကို ဆက်ခံခဲ့သည်။ ဘုရင်ဖြစ်လာပြီးနောက် ဖခင်ဖြစ်သူ၏ မွန်မိဖုရား မဏိစန္ဒာ ခင်ဦးကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့သည်။[] စောလူး၏ ဘွဲ့အမည်မှာ ၐြီဝဇြာဗရဏ တြိဘုပတိ ဖြစ်သည်။[]

တောင်ပိုင်းရှိ မွန်ဒေသများအား အုပ်ချုပ်ရန်အတွက် စောလူးသည် ငယ်သူငယ်ချင်း မွန်လူမျိုးဖြစ်သူ ငရန်မန်ကန်းကို အုပ်ချုပ်စေခဲ့သည်။[၁၀][၁၁]

မွန်တို့ ပုန်ကန်ခြင်း

ပဲခူးစား ငရန်မန်ကန်းသည် ပုဂံရှိ စောလူးထံ ပုံမှန်လာရောက်လေ့ရှိသည်။[note ၃] ငယ်သူငယ်ချင်းဖြစ်သူ၏ စစ်ရေးအတွေ့အကြုံနည်းပါးခြင်းကို သိရှိထားသဖြင့် ငရန်မန်ကန်းက ပုန်ကန်ရန် ဆုံးဖြတ်ခဲ့သည်။ ရာဇဝင်ကျမ်းများအဆိုအရ နှစ်ဦးဆုံတိုင်း ကြွေအံပစ်ကစားခြင်း ကစားလေ့ရှိရာ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက "ငရမန်ကန်း..သင်ယောက်ျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ" ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။[]

ပဲခူးသို့ ပြန်ရောက်ပြီးနောက် ငရန်မန်ကန်းလည်း စတင်ပုန်ကန်လေသည်။ ၁၀၈၂ နှောင်းပိုင်းတွင် ငရန်မန်ကန်းသည် စစ်တပ်နှင့်တကွ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာကာ ပဲခူးအောက်နားရှိ ကျွန်းတစ်ကျွန်းတွင် စခန်းချသည်။ စောလူးလည်း ကျန်စစ်သားကို ပြန်ခေါ်ကာ ပုဂံတပ်၏ စစ်သူကြီးခန့်ကာ စစ်ချီစေရာ မကွေးအနီး မြင်ကွန်းတွင် စခန်းချသည်။ ငရန်မန်ကန်း၏ တပ်သည် သရက်အနီးတွင် စခန်းချသည်။ စောလူးသည် ကျန်စစ်သား၏ သတိပေးမှုကို မလိုက်နာဘဲ တိုက်ခိုက်ရန် လုပ်သည်။ သို့သော် ငရန်မန်ကန်း၏ ကြိုတင်ပြင်ဆင်မှုကြောင့် စောလူး၏ တပ်ပျက်ကာ စောလူးလည်း အဖမ်းခံခဲ့ရသည်။[] ဇာတာတော်ပုံရာဇဝင် အရ စောလူးနှင့် ငရန်မန်ကန်းတို့၏ တိုက်ပွဲသည် ၁၀၈၂ နိုဝင်ဘာတွင် ဖြစ်ပွားခဲ့သည်။[note ၄]

ကွယ်လွန်ခြင်း

ကျန်စစ်သားက စောလူးအား ကယ်တင်ရန် ကြိုးပမ်းသော်လည်း ကျန်စစ်သားက သူ့အား သတ်ကာ ထီးနန်းရယူမည်ဟု ထင်မှတ်ခဲ့ပြီး စောလူးက လက်မခံခဲ့ပေ။ စောလူးအား ထပ်မံကယ်တင်မည်စိုးသဖြင့် ငရန်မန်ကန်းက ကွပ်မျက်ခဲ့သည်။ စောလူးသည် ၁၀၈၄ ဧပြီ ၂၁ မတိုင်မီတွင် ကွယ်လွန်ခဲ့သည်။[] ငရန်မန်ကန်းသည် ကျန်စစ်သား စေလွှတ်သော မုဆိုးငစဉ့်၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ ယင်းနောက် ကျန်စစ်သားသည် ပုဂံပြည်ထီးနန်းကို ဆက်ခံခဲ့သည်။

စောလူးမင်း၏ ကောင်းမှုတော်ကား ပင်းချောင်းဝ၌ စက္ကလိပဘုရား၊ မုံရွာခရိုင် မြို့ကြီး၌ ရွှေစောလူးဘုရား၊ မင်ဘူး ခရိုင် ဖောင်းလင်းပ ရွှေစာလူးဘုရား ဖြစ်သည်။[၁၂]

ဆက်စပ်ဖတ်ရှုရန်

မှတ်စုများ

  1. Per (Yazawin Thit 2012: 108, footnote 2) which cites (Tin Naing Toe 2006: 71–76)'s conversion of Zatadawbon Yazawin's horoscope of Saw Lu.
  2. (Maha Yazawin Vol. 1 184–185): Saw Lu died in 423 ME (1061–1062 CE), and his death was followed by two years interregnum. Kyansittha succeeded the throne only in 425 ME (1063–1064 CE).
  3. (ထင်အောင် ၁၉၆၇၊ စာ ၃၈): ရန်မန်ကန်း (တနည်းအားဖြင့် မျက်မမြင်မွန်) သည် ပဲခူးစား၏ အမည်ရင်း မဟုတ်ပေ။ ယင်းသည် ရာဇဝင်ဆရာများ၏ နှိမ်ကာ ပေးထားသော အမည်တစ်ခုသာ ဖြစ်ပြီး သူ၏ အမည်ရင်းမှာ မသိရှိရပေ။
  4. (ဇာတာ ၁၉၆၀၊ စာ ၈၃): မြန်မာ ၄၄၄ နတ်တော်လ = ၁၀၈၂ အောက်တိုဘာ ၂၃ မှ ၁၀၈၂ နိုဝင်ဘာ ၂၀

ကိုးကား

  1. Yazawin Thit Vol. 1 2012: 108
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Yazawin Thit Vol. 1 2012: 108, footnote #2
  3. Maha Yazawin Vol. 1 2006: 348
  4. Zata 1960: 39
  5. Zata 1960: 64
  6. ၆.၀ ၆.၁ Yazawin Thit Vol. 1 2012: 111, footnote #4
  7. ၇.၀ ၇.၁ ၇.၂ Htin Aung 1967: 38–39
  8. Hmannan Vol.1 2003: 274
  9. Hlaing, Nwe Ni (2013). "The concepts of Kingship in Bagan with Special Emphasis on the titles of Bagan Kings" (in en). Mandalay University Research Journal.  Archived 13 October 2018 at the Wayback Machine.
  10. Harvey 1925: 34–36
  11. Coedès 1968: 155
  12. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)

ကျမ်းပြုစာရင်း

စောလူးမင်း
မွေးဖွား ၁၉ ဧပြီ ၁၀၄၉ ကွယ်လွန် c. ၂၁ ဧပြီ ၁၀၈၄
Regnal titles
ယခင်က
အနော်ရထာ
ဗမာဘုရင်
၁၀၇၇–၁၀၈၄
ဆက်ခံသူ
ကျန်စစ်သား
Royal titles
ယခင်က
စုက္ကတေး
အိမ်ရှေ့စံ
၁၀၄၉–၁၀၇၇
ဆက်ခံသူ
အလောင်းစည်သူ