ဖရီးမေဆန်

(အလယ်ခေါင်မှ G မှာ ပါချင်မှ ပါတတ်သည်။)

ဖရီးမေဆန် ဆိုသည်မှာ ညီအစ်ကိုသားချင်း ကဲ့သို့ အချင်းချင်း အကူအညီပေးသော အဖွဲ့အစည်း ဖြစ်ပြီး ၁၆ ရာစု နှောင်းပိုင်းနှင့် ၁၇ ရာစု အစောပိုင်းတွင် မသေချာ မရေရာသော သမိုင်းကြောင်းဖြင့် စတင်ခဲ့သည်။ ယနေ့ခေတ်တွင် ကမ္ဘာ တဝှမ်းတွင် ဖရီးမေဆန် အဖွဲ့အစည်းမှာ ပုံသဏ္ဌန် အမျိုးမျိုးဖြင့် တည်ရှိနေကြပြီး အဖွဲ့ဝင် ၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ စကော့တလန် နှင့် အိုင်ယာလန် တွင် အဖွဲ့ဝင် ၁သိန်းခွဲခန့်မျှ ရှိပြီး ညီညွတ်သော အင်္ဂလန် ဂရင်းန်လော့ဒ် အဖွဲ့အစည်း၏ အောက်တွင် အဖွဲ့ဝင် ၂ သိန်းခွဲခန့်မျှ ရှိသည်။ အမေရိကန်ပြည်ထောင်စု တွင် အဖွဲ့ဝင် ၂ သန်းခန့် ရှိသည်။

ဝီကီမီဒီယာ ကွန်မွန်းစ်တွင် Freemasonry
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။