စားခြင်း

သင်္ချာအစား အတွက် စားခြင်း (သင်္ချာ) ကို ကြည့်ပါ။
Amandines de Provence, poster by Leonetto Cappiello, 1900

စားခြင်း (စားသုံးခြင်းဟုလည်း သိကြသည်) သည် အစားအစာကို မြိုချခြင်း ဖြစ်သည်။ စားသုံးခြင်းသည် သက်ရှိဇီဝရုပ်အမျိုးမျိုးအတွက် စွမ်းအင်များကို ထောက်ပံ့ပေးသည်။ ထို့အပြင် ထိုသက်ရှိများကို ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စေသည်။ တိရစ္ဆာန်များနှင့် သက်ရှိသတ္တဝါတို့သည် အသက်ဆက်လက်ကာ ရှင်သန်နေထိုင်ရေးအတွက် အစားစားကြရသည်။ အသားစားတိရစ္ဆာန်များသည် အသားများကို စားကြသည်။ အပင်များကို စားသုံးသည့်သတ္တဝါများသည် အပင်များကို စားသုံးကြသည်။ အစုံစားသတ္တဝါများသည် အပင်များ၊ တိရစ္ဆာန်များ၊ အခြားသော အစိုင်အခဲပစ္စည်းများကိုလည်း စားသုံးကြသည်။ လူသားများအတွက် စားခြင်းသည် နေ့စဉ်အသက်ရှင်မှုအတွက် လုပ်ဆောင်ချက်မှုတစ်ခု ဖြစ်သည်။

ကိုးကား