ဝါးတားပိုလိုကစားခြင်း
ဝါးတားပိုလိုကစားခြင်းကို ကန်ရေပြင် ကျယ်များ၌လည်းကောင်း၊ ရေကူးကန်များ၌လည်းကောင်း ကစားနိုင်သည်။ ကစားကွင်းမှာ ၁၉ ကိုက်မှ ကိုက် ၃ဝ ခန့်အထိ ရှည်လျား၍ ကိုက် ၂ဝ ခန့်ကျယ်ဝန်း၏။ ကစားကွင်း အစွန်းနှစ်ဖက်တွင် ၁ဝ ပေခန့် ကျယ်၍ ရေပြင်ပေါ်တွင် သုံးပေခန့်မြင့်သော ဂိုးတိုင်များ စိုက်ထူထားကာ ပိုက်ဖြင့် ကာထားသည်။ ကစားသူအရေအတွက်မှာ တစ်ဖက်လျှင်ခုနစ်ယောက်ဖြစ်၏။ ရှေ့တန်းသုံးယောက်၊ အလယ်တန်းတစ်ယောက်၊ နောက်တန်းနှစ်ယောက်နှင့် ဂိုးစောင့်တစ်ယောက်ဖြစ်သည်။ ကစားချိန်မှာ တစ်ချိန်လျှင် ငါးမိနစ်မှ ခုနစ် မိနစ်အထိဖြစ်၍ ကြားတွင်ခေတ္တနားကာ နှစ်ချိန်ကစားရ၏။ ကစားပုံမှာ လေထိုးထားသော ဘောလုံးကို တစ်ဖက်မှတစ်ဖက်သို့ လက်တစ်ဖက်တည်း ဖြင့် ရေကူးရင်း ပစ်ပေးကာ ဂိုးသွင်းကစားရခြင်းဖြစ်၏။ ကစားသူများသည် ဦးထုပ်ကျပ်ကလေးများကို ဆောင်းထားရ၍ တစ်ဖက်နှင့်တစ်ဖက် ဦးထုပ် အရောင်ခွဲခြားထားလေသည်။ စ ကစားသောအခါ ဒိုင်လူကြီးက ဘောလုံး ကို ကစားကွင်းအလယ်သို့ မြေ|ာက်ပစ်လိုက်ရ၏။ ရရာဖက်မှနေ၍ ဂိုးသွင်း နိုင်သည်အထိ ကစားသွားကြရ၏။ ဘောလုံးကို လက်နှစ်ဖက်နှင့် စုံကိုင် ထားလျှင်လည်းကောင်း၊ တစ်ဖက်လူကို ကန်ကျောက်ခြင်း၊ ရေနှင့်ပက်ခြင်း ပြုလျှင်လည်းကောင်း၊ တစ်ဖက်လူက လုသည့်အခါ ရေအောက်တွင် ဘောလုံးကိုနှစ်ထားလျှင်လည်းကောင်း ဝါးတားပိုလိုကစားခြင်းနှင့်ဆိုင်သော စည်းကမ်းများကို ဖောက်ဖျက်သည်မည်၏။
ဝါးတားပိုလို ကစားခြင်းမှာ များစွာစိတ်ဝင်စားဖွယ်ကောင်း၍ အထူးသတိဝီရိယရှိစွာဖြင့် အားစိုက်၍ကစားရသော ကစားနည်းမျိုးဖြစ်သည်။ ကစားသူများအား ကျန်းမာရေးနှင့် ပြည့်စုံစေသည့်အပြင် ရေကူးပိုမိုကျင် လျင်စေ၍ ခွန်အားဗလ တိုးတက်စေနိုင်သောကြောင့် ဝါးတားပိုလိုကစား နည်းမှာ တစ်နေ့တခြား ခေတ်စားလာသည်။ ယင်းကစားနည်းကို အဂ‡လန် ပြည်တွင် ၁၈၇ဝ ပြည့်နှစ်က စတင်ကစားခဲ့၍ အမေရိကန်ပြည်ထောင်စုသို့ ၁၈၉ဝ ပြည့်နှစ်လောက်မှ ရောက်သွားလေသည်။[၁]
ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)